Oct-Dec 2020 Class အတွက် လာမယ့်စနေနေ့မှာ ၂ နာရီစာသင်ချိန် ပုံမှန်အတိုင်း grammar သင်ပေးမှာ ဖြစ်ပြီး ၃ နာရီမှ ၅ နာရီထိ အင်္ဂလိပ်စကားပြော check-in session လေးတွေကို LM မှ Mentor နောက်တယောက်ဖြစ်တဲ့ Ms. Melanie Jelks က ပြုလုပ်ပေးသွားမှာပါ။ နိုင်ငံခြားသားနဲ့ တိုက်ရိုက်ပြောဆို ဆက်ဆံတဲ့ အလေ့အကျင့် ရရှိရန်၊ တယောက်ချင်းစီ ပြောဆိုဆက်ဆံရန်နှင့် မိမိ၏ ပြောဆိုနားလည်နိုင်စွမ်းကို သုံးသပ်နိုင်ရန်၊ အတွေ့အကြုံများကို ဖန်တီးဖို့ မကြောက်ရန် ရည်ရွယ်ချက် ဖြစ်ပါတယ်။ သင်တန်းအဆုံးမှာ အထူးပြုလုပ်ပေးတဲ့ ရှားရှားပါးပါးရတဲ့ အခွင့်အရေးဖြစ်လို့ လူတိုင်းတက်ရောက်နိုင်ဖို့ တိုက်တွန်းပါတယ်။ ဆရာမကို မနက်ဖြန်ည ကြာသပတေးနေ့အပြီး လူစာရင်းပေးဖို့လိုလို့ စာရင်းသွင်းဖို့အတွက် လာပြောထားပေးကြပါနော်။
Ms. Melanie Jelks အကြောင်း
Ms. Melanie ဟာ သဘောကောင်း၊ စိတ်ရှည်တဲ့ အင်္ဂလန်နိုင်ငံသူ TESOL certified ESL teacher တယောက်လည်း ဖြစ်ပါတယ်။ ဒီ Check-in Session လေးကို အင်္ဂလန်နိုင်ငံက လှမ်းပြုလုပ်ပေးမှာဖြစ်ပါတယ်။ LM က သင်တန်းတွေ၊ ပွဲတွေမှာလည်း အခါအခွင့်သင့်သလို တွေ့ရမှာဖြစ်ပါတယ်။
Stay happy, stay safe!
English Check-in Session with Ms. Melanie
စနေနေ့မှာ Check-in Session with Ms. Melanie ပြီးသွားရင် တနင်္ဂနွေနေ့ဟာ Oct-Dec 2020 Class အတွက် နောက်ဆုံးနေ့လေး ဖြစ်သွားပါပြီရှင်။
ပြောထားတဲ့ အတိုင်းပဲ အဲ့ဒီ တနင်္ဂနွေနေ့မှာ အတန်းသူ၊ အတန်းသားအားလုံး နောက်ဆုံးအနေနဲ့ အတူတူ ခရစ္စမတ်ပါတီနဲ့ သင်တန်းနှုတ်ဆက်ပွဲလေး လုပ်ကြမှာပါ။ အဲ့ဒီနေ့ကျရင် ပျော်ပျော်ပါးပါး ဂိမ်းလေးတွေကစားကြမှာ ဖြစ်တဲ့အတွက် အားလုံးနောက်ဆုံးအနေနဲ့ အချိန်လေးပေးပြီး တူတူပါဝင်ဆင်နွှဲပေးဖို့ ဖိတ်ခေါ်ပါရစေနော်။
ပါတီမှာပါမဲ့ ကစားနည်းလေးတွေကိုလည်း အောက်ကပုံထဲမှာ ကြည့်လို့ရပါတယ်နော်။ ပါတီမစခင်မှာ ဒါလေးတွေ ကြိုပြင်ပေးထားပါနော်။ လွယ်လွယ်လေးတွေပါ။
၁။ အင်္ကျီ အနီ (သို့မဟုတ်) အစိမ်းရောင်
၂။ A4 စာရွက် (အရောင်လေးတွေနဲ့ဆို ပိုကောင်းပါတယ်)
၃။ မိမိကြိုက်နှစ်သက်ရာ သောက်စရာ တစ်မျိုးမျိုး
ဒါလေးတွေပါပဲရှင်။ ပျော်ပျော်ရွှင်ရွှင် အမှတ်တရလေး တူတူဖန်တီးရအောင်လို့ တနင်္ဂနွေနေ့ ပုံမှန် အတန်းချိန်အတိုင်းပဲ Zoom ထဲကို ဝင်လာခဲ့ကြပေးပါနော်။
အားလုံးကိုတွေ့ရဖို့ မျှော်လင့်ပါတယ်ရှင့်။
Please email info@languagemaison.com or call 09968854411 for more information.
Copyright @ 2020 Language Maison | Myanmar - English - French Languages |
Maison Galaxy Co.,Ltd